သင့်အချက်အလက်များကို ကျွန်ုပ်တို့ ဘယ်လိုအသုံးပြုသလဲ။
အောက်တွင် ကျွန်ုပ်တို့ အသေးစိတ်ရှင်းပြထားသော အခြားရည်ရွယ်ချက်များနှင့်အတူ ကြော်ငြာများအပါအဝင် သင့်အတွက် ကိုက်ညီအောင်ပြင်ဆင်ထားသော အသုံးပြုမှုပုံစံကို ပံ့ပိုးပေးရန် ကျွန်ုပ်တို့စုစည်းရယူသော အချက်အလက်ကို အသုံးပြုပါသည်။ ဤရည်ရွယ်ချက်အချို့အတွက် ကျွန်ုပ်တို့၏ ထုတ်ကုန်အားလုံးနှင့် သင့်ဖုန်း/ကွန်ပျူတာအားလုံးရှိ အချက်အလက်များကို ကျွန်ုပ်တို့ အသုံးပြုသည်။ ဤရည်ရွယ်ချက်များအတွက် ကျွန်ုပ်တို့ အသုံးပြုသော အချက်အလက်ကို ကျွန်ုပ်တို့၏ စနစ်များက အလိုအလျောက် စီမံဆောင်ရွက်ပါသည်။ သို့သော် အချို့သော အခြေအနေများတွင် သင့်အချက်အလက်များကို ကြည့်ရှု၍ စိစစ်သုံးသပ်ရန်အတွက် လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်းကိုလည်း ကျွန်ုပ်တို့ အသုံးပြုသည်။ အသုံးပြုသူ တစ်ဦးချင်းစီနှင့် ချိတ်ဆက်ထားသည့် အချက်အလက်များကို အနည်းအကျဉ်းသာ အသုံးပြုရန်အတွက် အချို့သော အခြေအနေများတွင် ကျွန်ုပ်တို့သည် အချက်အလက်များကို မည်သူမည်ဝါမခွဲခြားနိုင်ရန် ပြုလုပ်ခြင်း သို့မဟုတ် ပေါင်းစည်းခြင်းတို့ကို လုပ်ဆောင်ပါသည် သို့မဟုတ် ၎င်းဖြင့် သင့်ကို မည်သူမည်ဝါမခွဲနိုင်တော့စေရန် ထိုအချက်အလက်ကို အမည်ဝှက်ထားပါသည်။ ဤကဏ္ဍတွင်ဖော်ပြထားသည့် သင့်အချက်အလက်များကို ကျွန်ုပ်တို့အသုံးပြုသည့် နည်းလမ်းများအတိုင်း ဤအချက်အလက်ကို ကျွန်ုပ်တို့အသုံးပြုပါသည်။
သင့်အချက်အလက်များကို ကျွန်ုပ်တို့ အသုံးပြုသော နည်းလမ်းများကို ဤတွင်ဖော်ပြထားသည်-
ကျွန်ုပ်တို့၏ ထုတ်ကုန်များကို ပံ့ပိုးပေးရန်၊ စိတ်ကြိုက်သတ်မှတ်နိုင်ရန်နှင့် တိုးတက်အောင်လုပ်ဆောင်ရန်
ကျွန်ပ်တို့၏ထုတ်ကုန်များကို ပံ့ပိုးရန်နှင့် တိုးတက်အောင်လုပ်ဆောင်ရန် ကျွန်ုပ်တို့တွင်ရှိသော အချက်အလက်များကို အသုံးပြုပါသည်။ ၎င်းတွင် ပါဝင်သည်မှာ - - ထုတ်ကုန်များ ကောင်းစွာအလုပ်မလုပ်သည့်အခါ ပြဿနာရှာဖွေဖြေရှင်းခြင်းနှင့် ပြင်ဆင်ခြင်းကဲ့သို့ ကျွန်ုပ်တို့၏ ထုတ်ကုန်များ မှန်ကန်စွာ လုပ်ဆောင်နေခြင်းရှိ၊ မရှိ ကြည့်ခြင်း
- သင်၏ Facebook အလင်းစဉ်၊ Instagram အလင်းစဉ်၊ Meta AI၊ စတိုရီများနှင့် ကြော်ငြာများကဲ့သို့ လုပ်ဆောင်ချက်များ၊ အကြောင်းအရာများနှင့် အကြံပြုချက်များကို ကိုက်ညီအောင်ပြင်ဆင်ပေးခြင်း။
ဤအရာများအတွက် ရည်ရွယ်၍ သင် ပေးအပ်လိုက်သော အချက်အလက်များကို အထူးအကာအကွယ်များပြုလုပ်၍ ကျွန်ုပ်တို့ အသုံးပြုသော်လည်း ၎င်းသည် သင့်အား ကြော်ငြာများကို ပြသပေးရန်အတွက် မဟုတ်ပါ။ ကျွန်ုပ်တို့၏ထုတ်ကုန်များကို ပံ့ပိုးပေးရန်၊ စိတ်ကြိုက်သတ်မှတ်ရန်နှင့် တိုးတက်အောင်လုပ်ဆောင်ရန် အချက်အလက်များအား ကျွန်ုပ်တို့အသုံးပြုပုံအကြာင်း နောက်ထပ်ဖတ်ရန်-
အန္တရာယ်ကင်းရှင်းရေး၊ ဘေးကင်းလုံခြုံရေးနှင့် သမာသမတ်ရှိမှုတို့ကို အားပေးမြှင့်တင်ရန်
ကျွန်ုပ်တို့သည် လူများကို အန္တရာယ်မဖြစ်အောင် ကာကွယ်ရန်နှင့် ဘေးကင်း၍ စိတ်ချရသော ထုတ်ကုန်များ ပံ့ပိုးပေးရန်အတွက် ကျွန်ုပ်တို့စုစည်းရယူထားသော အချက်အလက်များကို အသုံးပြုပါသည်။
တိုင်းတာမှု၊ ခွဲခြမ်းစိတ်ဖြာမှုနှင့် စီးပွားရေးလုပ်ငန်းဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်
လူများစွာသည် ၎င်းတို့၏လုပ်ငန်းများကို လည်ပတ်ရန် သို့မဟုတ် ကြော်ငြာရန် သို့မဟုတ် အကြောင်းအရာများကို မျှဝေရန် ကျွန်ုပ်တို့၏ထုတ်ကုန်များကို အမှီပြုကြသည်။ ၎င်းတို့၏ ကြော်ငြာများနှင့် အခြားအကြောင်းအရာများ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများက မည်မျှကောင်းစွာ အလုပ်လုပ်နေသည်ကို တိုင်းတာနိုင်ရန် ကျွန်ုပ်တို့ ကူညီပေးပါသည်။
သင့်ပရိုဖိုင်တွင် သင်ထည့်သွင်းထားသည့် ဆက်သွယ်ရန်အချက်အလက်ကဲ့သို့ ကျွန်ုပ်တို့ထံ သင်ပေးထားသော အချက်အလက်များကို အသုံးပြု၍ ကျွန်ုပ်တို့သည် သင်နှင့် ဆက်သွယ်ပါသည်။
လူမှုကောင်းကျိုးအတွက် သုတေသနလုပ်ရန်နှင့် ဆန်းသစ်တီထွင်ရန်
သုတေသနပြုလုပ်ရန်နှင့် သုတေသနလုပ်ဆောင်ရာတွင် အထောက်အကူဖြစ်စေရန် ကျွန်ုပ်တို့တွင်ရှိသော အချက်အလက်များ၊ ကျွန်ုပ်တို့၏ သုတေသီများထံမှ အချက်အလက်များနှင့် လူအများဝင်ရောက်အသုံးပြုနိုင်သော အရင်းအမြစ်များ၊ ဝါရင့်ကျွမ်းကျင်သူ အဖွဲ့များနှင့် အကျိုးအမြတ်မယူသော အဖွဲ့များထံမှ အချက်အလက်အစုများကို ကျွန်ုပ်တို့ အသုံးပြုပါသည်။
ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒရှိ နောက်ထပ်အချက်အလက်များ